Home
Media Resources
Access official media materials including photographs, videos, and documents for press and publication use
PPIB ဆိုသည်မှာ နိုင်ငံတော်၏ မူဝါဒများ၊ အမိန့်ကြော်ငြာစာများနှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု သတင်းအချက်အလက်များကို ပြည်သူလူထုထံသို့ တိကျမှန်ကန် မြန်ဆန်စွာ ထုတ်ပြန်ပေးသည့် ရုံးအဖွဲ့ဖြစ်ပါသည်။ နိုင်ငံတော်အဆင့် သတင်းထုတ်ပြန်ချက်များကို အဓိက ကိုင်တွယ်ဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့၏ တရားဝင် Website အပြင် Facebook, TikTok, Telegram, YouTube, X (Twitter) စသည့် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်ပါသည်။
PPIB မှ ထုတ်ပြန်သော သတင်းတိုင်းတွင် တရားဝင်အမှတ်တံဆိပ် (Logo) နှင့် ထုတ်ပြန်သည့်ရက်စွဲ၊ အမှတ်စဉ်များ ပါရှိပါသည်။ အခြားသော သတင်းတု၊ သတင်းမှားများနှင့် မမှားစေရန် ကျွန်ုပ်တို့၏ Verified ဖြစ်ထားသော Official Channel များတွင်သာ တိုက်စစ်ကြည့်ရှုရန် အကြံပြုလိုပါသည်။
ကျွန်ုပ်တို့၏ Website ရှိ သတင်းအချက်အလက်နဲ့ High Resolution သတင်းဓာတ်ပုံ ၊သတင်းရုပ်သံတွေကို PPIB ကို Credit ပေးပြီး မိမိ သတင်းဌာနတွေမှာ လွတ်လပ်စွာသုံးစွဲနိုင်ပါသည်။ထပ်မံသိရှိလိုသည်များကို Website ရှိ Contact Form သို့မဟုတ် ရုံးဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။